Blog
Tag Archives: Stick
SEKKISEI Skincare UV Stick
Skincare လုပ်တဲ့အခါ နောက်ဆုံးအဆင့်တစ်ခုဖြစ်တဲ့ Protection အဆင့်က အရေးအကြီးဆုံးပဲနော်
ဘယ်လောက်ပဲ အစိုဓာတ်ဖြည့်ထား, anti-aging တွေ , whitening တွေသုံးသုံး
နေရောင်ဒဏ်ကို အပြည့်အဝ ကာကွယ်မထားဘူးဆိုရင် သုံးထားသမျှ အလကားပဲ
အဲဒါကြောင့် Sekkisei ကနေ SPF 50+ PA++++ ပါဝင်ပြီး
နေရောင်ဒဏ်ကို အပြည့်အဝ ကာကွယ်ပေးနိုင်တဲ့ Skincare UV Stick လေး ဖန်တီးပေးထားတယ်နော်
နေ့စဉ် skincare လုပ်ဖို့တောင် မဖြစ်မနေ ယူထားရတဲ့အချိန်တွေကို သက်သာသွားစေဖို့
Stick လေးကို ဗူးထဲက ထုတ်ပြီး အောက်ကနေ အပေါ် ပင့်တင်တဲ့ပုံစံမျိုးလေး လိမ်းပေးရုံပဲ
Stick type ဆိုပေမယ့် နူးညံ့လွန်းတဲ့ texture ကြောင့် ကြမ်းကြမ်းတမ်းတမ်းဆွဲစရာမလိုဘဲ
အသားအရေတွန့်တာမျိုး လုံးဝမဖြစ်စေဘူး
နေရောင်ဒဏ်ကို အပြည့်အဝ ကာကွယ်ပေးတယ်ဆိုမှတော့ သူ့ရဲ့ နောက်ဆက်တွဲ
တင်းတိပ် အမည်းစက်ပြဿနာတွေကိုပါ လျော့ချပေးပြီးသားဖြစ်တဲ့အပြင်
ထူးခြားချက်က ဖုန်မှုန့်၊ အညစ်အကြေးနဲ့ ပန်းဝတ်မှုန်တွေလို ပတ်ဝန်းကျင်လေထု ညစ်ညမ်းခြင်းတွေကြောင့် ဖြစ်လာမယ့် အရေပြား ပြဿနာတွေကနေလည်း အပြည့်အဝ ကာကွယ်ပေးနိုင်သေးတာ
Job’s Tears Extract နဲ့ beauty serum 40% ပါဝင်သေးတာဆိုတော့
အသားခြောက်၊ အသားကြမ်းတဲ့သူတွေအတွက် အစိုဓာတ်ကို ချက်ခြင်းဖြည့်ပေးနိုင်သေးတာ
အရောင်မပါ သဘာဝအတိုင်း ကြည်ကြည်လေးဆိုတော့ မိတ်ကပ်မလိမ်းဘဲ Glow Skin ပိုင်ဆိုင်ချင်သူတွေအတွက် မဖြစ်မနေ ဆောင်ထားသင့်တဲ့ ပစ္စည်းလေး တစ်ခုဆိုလည်း မမှားဘူး
အနံ့လေးကတော့ Sekkisei ရဲ့ trademark